What’s New in AtanNote 2.1.0: Offline Support၊ 2X Faster Performance နဲ့ Go Plan အသစ် မိတ်ဆက်! 🚀✨
AtanNote ကို အစဉ်အမြဲ အားပေးသုံးစွဲကြတဲ့ သုံးစွဲသူများအားလုံး မင်္ဂလာပါ။
အခုဆိုရင် သုံးစွဲသူတို့ရဲ့ တောင်းဆိုချက်တွေနဲ့ လိုအပ်ချက်တွေကို အကောင်းဆုံး ဖြည့်ဆည်းပေးထားတဲ့ AtanNote Version 2.1.0 ကို Release လုပ်လိုက်ပြီ ဖြစ်ပါတယ်။
ဒီ Version မှာ ဘာတွေ အဓိက ပြောင်းလဲလာသလဲ၊ ဘယ်လို Feature သစ်တွေ ပါဝင်လာလဲဆိုတာကို အသေးစိတ် ကြည့်လိုက်ရအောင်။
🌐 ၁။ အင်တာနက် လိုင်းမလိုဘဲ Audio တွေသိမ်းနိုင်မယ့် Offline Support
အင်တာနက်လိုင်း မရှိလို့၊ ဒါမှမဟုတ် လိုင်းကျနေလို့ Voice Record တွေ သွင်းလို့မရမှာကို စိုးရိမ်နေစရာ မလိုတော့ပါဘူး။
AtanNote Version 2.1.0 ကစပြီး Offline Recording ကို Support ပေးလိုက်ပါပြီ။ အင်တာနက်လိုင်း လုံးဝ မရှိသည့်တိုင်အောင် -
- Record: အသံဖိုင်များကို အတားအဆီးမရှိ သွင်းယူ သိမ်းဆည်းထားနိုင်ခြင်း၊
- Write & Edit: သိမ်းဆည်းထားတဲ့ မှတ်စုတွေကို ပြင်ဆင်ရေးသားခြင်း၊
- Organize: Folder များနှင့် Note များကို စနစ်တကျ စီစဉ်သိမ်းဆည်းခြင်း စတာတွေကို ပြုလုပ်နိုင်မှာဖြစ်ပြီး အင်တာနက်လိုင်း ပြန်ရတာနဲ့ သိမ်းဆည်းထားသမျှကို Auto-Sync စနစ်နဲ့ Cloud ပေါ်သို့ အလိုအလျောက် ရောက်ရှိသွားမှာ ဖြစ်ပါတယ်။ (Transcription အပါအဝင် တခြား AI related feature တွေကိုတော့ Online ဖြင့်ဆက်လက်အသုံးပြုနိုင်ပါတယ်)
⚡ ၂။ ၂ ဆ ပိုမို မြန်ဆန်လာတဲ့ Transcription Performance
အသံဖိုင်တွေကို စာအဖြစ် ပြောင်းလဲပေးတဲ့ (Transcription) စနစ်ကိုလည်း အရင် Version ထက် ၂ ဆ ပိုမို မြန်ဆန်ပြီး ပိုမို တည်ငြိမ်အောင် (Faster & Steadier) အဆင့်မြှင့်တင်ထားပါတယ်။
- Live Transcribe Watch: YouTube သို့မဟုတ် ဗီဒီယို/အသံဖိုင်တွေ သွင်းယူစဉ်မှာပဲ Note စာမျက်နှာပေါ်မှာ စာသားတွေ တိုက်ရိုက် ထွက်ပေါ်လာတာကို စောင့်ကြည့်နိုင်ပါပြီ။
- Better Playback: အသံဖိုင် ပြန်နားထောင်ရာမှာလည်း ပိုမို ချောမွေ့ပြတ်သားလာပါတယ်။
💎 ၃။ အိတ်စိုက်မများဘဲ သုံးနိုင်မယ့် "Go Plan" အသစ် မိတ်ဆက်
Heavy User မဟုတ်ဘဲ လစဉ် ပုံမှန် အသံဖိုင် မှတ်တမ်းယူလိုသူများအတွက် ကုန်ကျစရိတ် သက်သက်သာသာနဲ့ ရရှိနိုင်မယ့် Go Plan ကို စတင် မိတ်ဆက်ပေးလိုက်ပါတယ်။
- တစ်လလျှင် ၆ နာရီစာ Transcription မိနစ် ရရှိမည်။
- ၁ လစာ Package: 20,000 MMK | 150 THB
- ၁ နှစ်စာ Package: 150,000 MMK | 1,100 THB (အနိမ့်ဆုံး ဈေးနှုန်းဖြင့် ရရှိနိုင်သော Plan ဖြစ်ပါသည်)
🛠️ ၄။ အခြား အသုံးဝင်သော Feature သစ်များနှင့် ပြင်ဆင်မှုများ
- Auto-Save Quick Notes: စာရိုက်နေစဉ်မှာပဲ အလိုအလျောက် သိမ်းဆည်းပေးမယ့် Quick Note စနစ်။
- To-Do Reminders: လုပ်စရာရှိတာတွေကို တိတိကျကျ သတိပေးနှိုးဆော်ပေးမယ့် Reminder စနစ်။
- Burmese Language Expansion: မြန်မာဘာသာစကားဖြင့် ပိုမို လွယ်ကူ အဆင်ပြေစွာ သုံးစွဲနိုင်အောင် App တစ်ခုလုံးကို ပြင်ဆင်ထားခြင်း။
AtanNote ကို ယုံကြည်စိတ်ချစွာ အသုံးပြုပေးနေကြတဲ့ သုံးစွဲသူတစ်ဦးချင်းစီကို အထူးပင် ကျေးဇူးတင်ရှိပါတယ်။
ယခုပဲ သင့်ရဲ့ App Store သို့မဟုတ် Google Play Store သို့ သွားရောက်ပြီး AtanNote Version 2.1.0 သို့ အဆင့်မြှင့်တင်ကာ အသစ်ပြင်ဆင်ထားသော Feature များကို စတင် ခံစားလိုက်ပါ! 💙
Thank you for using AtanNote!