All posts

🎙️ တစ်ချက်နှိပ်၊ စကားပြော၊ ကျန်တာ AtanNote က ရေးပေးပါ့မယ်

Record က AtanNote ရဲ့ အသည်းနှလုံးပါ။ ပုံမှန်အတိုင်း စကားပြောလိုက်ရုံနဲ့ သင့်အသံကို သပ်ရပ်တဲ့ rအဖြစ် ပြောင်းပေးပါတယ် — မြန်မာလို၊ English လို၊ ဒါမှမဟုတ် နှစ်မျိုးရော။


၁။ Record စတင်ပါ

အပေါ်ဆုံး bar က Record ခလုတ်ကို နှိပ်ပါ။ Screen တိုင်းမှာ ရှိနေတာမို့ စိတ်ကူးတစ်ခု ပေါ်လာတာနဲ့ ချက်ချင်း ဖမ်းယူနိုင်ပါတယ်။

၂။ ပြောလိုက်ရုံပါပဲ

ပုံမှန်ပြောသလို ပြောပါ။ ပုဒ်ဖြတ်ပုဒ်ရပ် ပြောပြစရာ၊ စာကြောင်းတွေကြား ရပ်နေစရာ မလိုပါ — formatting ကို AtanNote က လုပ်ပေးပါတယ်။ တစ်ကြောင်းတည်းမှာ မြန်မာနဲ့ English ရောပြောရင်လည်း ရပါတယ်၊ နှစ်မျိုးလုံး နားလည်ပါတယ်။

၃။ ပြီးရင် Finish နှိပ်ပါ

ရပ်ဖို့ Finish ကို နှိပ်ပါ။ Recording ကို အလိုအလျောက် သိမ်းပေးတာမို့ ကြားထဲ ရပ်သွားရင်တောင် ဘာမှ ပျောက်မှာ မဟုတ်ပါဘူး။

၄။ Summary အဖြစ် ပြောင်းပါ

Summarize ကိုနှိပ်လိုက်ပါ။

၅။ ကြိုက်နှစ်သက်ရာ Style ပြောင်းပါ

Style တစ်ခု (Meeting, Email, Summary စသဖြင့်) ရွေးလိုက်ရုံနဲ့ AtanNote က သင့်အသံကို စာအဖြစ် ပြောင်းပြီး သပ်ရပ်တဲ့ note ထုတ်ပေးပါတယ်။ တခြား ဘာသာစကားနဲ့ လိုချင်ရင် transcribe လုပ်တဲ့အခါ ရွေးလိုက်ပါ။


💡 အကောင်းဆုံး ရလဒ်အတွက် အကြံပြုချက်

  • တိတ်ဆိတ်တဲ့ နေရာမှာ record လုပ်ပါ
  • ဖုန်းကို ၃၀ စင်တီမီတာခန့် ခွာထားပါ
  • ဖြစ်နိုင်ရင် စာကြောင်း ပြည့်ပြည့် ပြောပါ
  • အစုအဝေးနဲ့ ပြောတာဆိုရင် Meeting Mode သုံးပါ

Get AtanNote · free

Download on the App StoreGet it on Google Play